ဝပြည် သွေးစည်းရေး တပ်မတော်
ဝပြည် သွေးစည်းရေး တပ်ဖွဲ့ဝင်များ
- ရှမ်းပြည်တောင်ပိုင်း (UWSA)အဖွဲ့ခေါင်းဆောင် ဝေရှောက်ခန်း
- ရှမ်းပြည်မြောက်ပိုင်း (UWSA) ခေါင်းဆောင် ပေါက်ယူချန်း
ဝ အမျိုးသား
၁၉၈၉ ခုနှစ်၊ မေလတွင် ဗကပမှ ခွဲထွက်ပြီး ၉၊ ၅၊ ၈၉ ရက်နေ့မှာ နဝတနဲ့ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့တယ်။ ရှမ်းမြောက် အထူးဒေသ (၂) လို့ သတ်မှတ် ပေးခဲ့တယ်။ ၁၉၈၉ ခုနှစ်မှ ယနေ့အထိ ခေါင်းဆောင်မှုမှာ နိုင်ငံရေး ဦးဆောင်မှု အဖွဲ့ - ကျောက်ညီလှိုင် (ကျန်းမာရေးကြောင့် အနားယူသွားခဲ့)၊ ပေါက်ယူချန် (ပေါက်ဝှာချန်း)၊ ဦးဇော်မိုင်၊ လီစစ်ယူ၊ ရှောက်နီလျှင်၊ အိုက်လွန်း၊ ကျောက်ဝင်ကွမ်းတို့ ဖြစ်တယ်။ဝပြည်နယ် သွေးစည်း ညီညွတ်ရေး ပါတီ (ယူဒဗလျူအက်စ်ပီ/ အေ)
- ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ် - ပေါက်ယူချန်၊
- ဒုဥက္ကဋ္ဌ - ရှောင်မင်လန်း
- ဒု-စစ်ဦးစီးချုပ် - လီစစ်ယူ၊
- စစ်ဦးစီးမှူး - ဘူလှိုင်ခန်း၊
- စစ်ဦးစီး အဖွဲ့ ပတာဝန်ခံ - အိုက်လွန်း၊
- ဒုတာဝန်ခံ ကျောက်တိုးထန်း၊
- အမြဲတမ်း ကော်မတီ - ဗဟိုကော်မတီ ၁၅ ဦး၊ အရံ ဗဟိုကော်မတီ ၅ ဦး၊ ပေါင်း ၂ဝ ဦး။
- လားရှိုး ဆက်ဆံရေး ရုံးချုပ် တာဝန်ခံ ဦးကျောက်အိုက်နတ်။
အခြေအနေ အကျဉ်း (၁၉၈၉ အပစ်အခတ် ရပ်စဲပြီးနောက်)
၂ဝဝ၈ ခုနှစ်၊ နောက်ပိုင်းလတွေ အတွင်းမှာ လူသူ လက်နက် ဘဏ္ဍာရေး အင်အား အတောင့်တင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ဝပြည်နယ် သွေးစည်း ညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ) အတွင်းမှာ စီးပွားရေး အားသန်တဲ့ ဝေရှော်ကန်း အုပ်စုနဲ့ စစ်ရေး အားသန်တဲ့ ပေါက်ယူချန် အုပ်စု ဆိုပြီး အက်ကြောင်းအက်ရာ အရိပ်အယောင်တွေ ပုတီး (ဂျိုးဖြူ) လိုင်းနဲ့ ဓားမြောင် (လင်းယုန်) လိုင်း ဆိုတဲ့ ဂိုဏ်းခွဲမှုတွေ ရှိလာတယ်လို့ သတင်း ထွက်ပေါ် ခဲ့သော်လည်း၊ ယူဒဗလျူအက်စ်အေ အတွင်းမှာ အခုတိုင် ညီညွတ်မှု ရှိနေတာကို တွေ့မြင်ရပါတယ်။ နဝတ/ နအဖနဲ့ ဆက်ဆံရေးမှာလည်း ဘယ်အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့ထက် မဆို ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် ဆက်ဆံပြီး ညှိနှိုင်း လုပ်ကိုင်မှုများ ရှိသော်လည်း အလျော့ပေးမှု သိပ်မရှိလှတာကို ကြားသိနေရတယ်။ စစ်တပ်ကို စနစ်တကျ ဖွဲ့စည်းထားနိုင်တယ်။ လက်ရှိမှာ တောင်ပိုင်း ဝ တပ်ဖွဲ့ အပါအဝင် တပ်အင်အား သုံးသောင်းလောက် အထိ စနစ်တကျ တိုးချဲ့ ဖွဲ့စည်း နိုင်တယ်လို့ သိရပါတယ်။ တကယ်တမ်း လက်နက်ကိုင် တိုက်နိုင်တဲ့ တိုက်ခိုက်ရေး အင်အားဟာ ၁၄,ဝဝဝ ပတ်ဝန်းကျင်လောက် ရှိတယ်။ ပြည်သူ့စစ် အင်အားကလည်း ၃,ဝဝဝ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။အင်အား အခြေအနေ (၁၉၉၆ ခု အတွင်း)
မိုင်းမော်၊ ဝင်းကောင်၊ မုန်ပေါက်၊ မိုင်းယွန်း စသော ခရိုင် ၄ ခရိုင်၊ ပန်ခန်း (ပန်ဆန်း)၊ လုံထန်၊ နမ့်တိန်း စတဲ့ မြို့နယ် ၃ မြို့နယ် အပြင်၊ တောင်ပိုင်း စစ်ဒေသ ဆိုပြီး ဒေသတခု တိုးချဲ့ ဖွင့်လှစ်ထားပြီး ဖြစ်တယ်။- တပ်မ (၂၁၄) တပ်မမှူး - ဆမ်ပလူး၊ ဒု-တပ်မမှူး - ကျောက်ဝင်ကွမ်း၊ စစ်ဦးစီး (ပ) - အိုက်ရွမ်း
- တပ်ရင်း ၁ ရင်း အင်အား ၁၅ဝ ယောက် x တပ်ရင်း ၉ ရင်း = ၁,၃၅ဝ ယောက်
- တပ်မ (၄၁၇) တပ်မမှူး - အိုက်လွန်း ၊ ဒု-တပ်မမှူး - အိုက်ကျန်း၊ စစ်ဦးစီးမှူး - လီရှောက်ယွင်
- တပ်ရင်း ၁ ရင်း အင်အား ၁၅ဝ ယောက် x တပ်ရင်း ၉ ရင်း = ၁,၃၅ဝ ယောက် (နားဖဖန်းဂွင်တွင် အခြေစိုက်)
- တပ်မ (၄၁၈) တပ်မမှူး - ကျောက်ကျူံးထန်၊ စစ်ဦးစီးမှူး - အိုက်ဆန်း၊ ဗျုဟာမှူး လောပိ၊ ရင်း (၈၉) ရင်းမှူး - တာလျှံ
- တပ်ရင်း ၁ ရင်း အင်အား ၁၂ဝ x တပ်ရင်း ၇ ရင်း = ၈၄ဝ ယောက် (ကျူဟဲဂွင်တွင် အခြေစိုက်)
တောင်ပိုင်းတိုင်း စစ်ဒေသ (၁၉၉၆ ဇန်နဝါရီလတွင် ဖွဲ့စည်း)
- တပ်မှူးကြီး ဝေရှော်ကန်း၊ ဒုတပ်မှူး ဝေရှော်ယင်နဲ့ နိုင်ငံရေးမှူး ကတော့ ဥက္ကဋ္ဌ ပေါက်ယူချန်ရဲ့ညီ ပေါက်ယူယိ၊ စစ်ဦးစီးမှူး - အိုက်ပလုန်း
- မူလ (၄၂ဝ) တပ်မ၊ ဒဗလျူအဲန်အို (WNO) + ခွန်ဆာ ခွဲထွက်များ စုပေါင်းထား
- တပ်ရင်း ၁ ရင်း အင်အား ၁၅ဝ x တပ်ရင်း ၇ ရင်း = ၁,ဝ၅ဝ ယောက် (မုန်းပေါက် ၊ မုန်းယန်း ဂွင်တွင် လှုပ်ရှား)
- မိုင်းကွက်၊ ဟွေ့အော့်၊ နောင်ဝဲန်း၊ နမ့်ဟူးခွန် စစ်ဒေသ (၁၇၁)
- ရှမ်းပြည် အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ ဝမ့်ဟုန့် စခန်း၊ (၁၇၁) စစ်ဒေသ တပ်မှူး ဝေရှော်ယင် (ဝေရှော်ကန်း၏ ညီ)
- တပ်မဟာ (၄၆၈) တပ်မဟာမှူး - စိုင်းဆမ်၊ (ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် ၁ဝ၂ ကီလိုမီတာရှိ မိုင်းယန်းမြို့ အနောက်မြောက်ဘက် မိုင်းပေါက် ဒေသ)
- ချင်းမိုင်ခရိုင် မျက်နှာချင်းဆိုင် မိုင်းယွမ်းဂွင် တပ်မဟာ (၂၅၁၈)
- ဟိုပန်၊ ဟိုယွက်ဂွင် တပ်မဟာ (၄၁၄)၊
- တပ်မဟာ (၃၆၉) ဌာနချုပ် ဆီလူး
အထူးတပ်မဟာ (ဘိန်းရောင်းဝယ် သယ်ယူ ပို့ဆောင်ရေး)
- တပ်မဟာမှူး - ဝေဆိုက်ထန်
- တပ်ရင်း ၁ ရင်း အင်အား ၁ဝဝ x တပ်ရင်း ၄ ရင်း = ၄ဝဝ ယောက်
အမြောက် တပ်မဟာ
- တပ်မဟာမှူး - ထင်ကျီမင်
- တပ်ရင်း ၁ ရင်း အင်အား ၁၅ဝ x တပ်ရင်း ၃ ရင်း = ၄၅ဝ ယောက် (ပန်ခန်း (ပန်ဆန်း) ဒေသတွင် အခြေစိုက်)
ဒေသ
သံလွင်မြစ် အနောက်ဘက်ခြမ်း၊ နမ့်တိန်းချောင်း တောင်ဘက်ခြမ်း၊ ပန်ယန်း၊ မိုင်းပေါက်၊ မိုင်းယန်း ဒေသမပါ ၊ မြောက်ဘက်ခြမ်း။ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ်ဦး (PEACE AND DEMOCRATIC FRONT - PDF) အဖွဲ့ဝင် ဖြစ်သည်။နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေ
နဝတက ပြုလုပ်တဲ့ အမျိုးသား ညီလာခံကို ကိုယ်စားလှယ် တက်ရောက်ခဲ့တယ်။ ပြည်နယ် သတ်မှတ်ပေးရန် တင်ပြမှု မအောင်မြင်၊ သဘောထား ၂ ရပ် ချမှတ်ထား -- (၁) လက်နက်ကိုင်နည်းဖြင့် ကိုယ့်ကိုကိုယ် ကာကွယ်ရန်
- (၂) ငြိမ်းချမ်းရေး ဒီမိုကရစီရေး အတွက် လုံးပမ်းရန်
နအဖ၏ အပစ်ရပ် အဖွဲ့များအား နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်းရေး အပေါ် ယူဒဗလျူအက်စ်အေ၏ တုံ့ပြန်မှုများ
မေ ၁၆-၂ဝ ရက်နေ့ ၅ ရက်ကြာ ရှမ်းပြည် အရှေ့တောင်ပိုင်းသို့ တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး ရောက်ရှိစဉ်မှာလည်း တောင်ပိုင်း ဝ တပ်ဖွဲ့အား ဂ္ဆွန်လ နောက်ဆုံးထားပြီး၊ (၁) နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းရန်၊ (၂) အသွင်ပြောင်းဖို့ မလုပ်နိုင်ပါက မြောက်ပိုင်း ပန်ဆန်း ဌာနချုပ်သို့ တပ်ရုပ်ရန် သတိပေးခဲ့သည့် အပြင် နအဖ အရာရှိတွေ သွားလာရာ လမ်းတလျှောက် ရှိ ဝ တပ်စခန်း ၃ ခုကိုအမြန်ဆုံး တပ်ရုပ်ပေးရန် ပြောဆိုခဲ့တယ်လို့ သျှမ်းသံတော်ဆင့် သတင်းဌာနရဲ့ ၂ဝဝ၉ ခုနှစ်၊ မေလ ၂ဝ ရက်နေ့ သတင်းတပုဒ်မှာ ရေးသား ဖော်ပြထားပါတယ်။ "ကျနော်တို့ကို အရင်တုံးကလို နယ်ခြားစောင့်တပ် လုပ်ရင် လုပ်၊ မဟုတ်ရင် ရှမ်းတပ်ကို သွားတိုက်၊ ဒါမှမဟုတ် မြောက်ပိုင်း ဝ နယ်မြေဘက် အကုန်ပြန်လို့ မပြောတော့ဘူး။ အခုဟာက အသွင်ပြောင်းရင် ပြောင်း၊ မပြောင်းရင် ပြန်၊ မပြန်ရင် ရှောင်လွဲလို့ မရဘူးလို့ ပြောတယ်။ အမြန်ဆုံး တပ်ရုပ်ခိုင်းတဲ့ ကိစ္စကို ကျနော်တို့ ဘာမှ အကြောင်း မပြန်ဘူး။ အခု လောလောဆယ် တပ်မဟာမှူး၊ တပ်ရင်းမှူးတွေလဲ တယောက်မှ မရှိဘူး။ ပန်ဆန်း ဌာနချုပ် အစည်းအဝေး သွားနေကြတယ်။ ပန်ဆန်း ဆုံးဖြတ်ချက်ကိုပဲ ကျနော်တို့ နာခံရမှာပဲ" လို့ အမည် မဖော်လိုတဲ့ တောင်ပိုင်း ဝ တပ်မဟာ (၂၄၈) မှ အရာရှိ တဦးက ပြောကြောင်း အဲဒီ သတင်းမှာ ရေးသားထားပါတယ်။ နအဖ စစ်အစိုးရက တပ်ရုပ်ခိုင်းတဲ့ ဝ စခန်း ၃ ခုကတော့ မိုင်းတုံ - ပုံပါကျင် ကားလမ်းမှ အနောက်ဘက်သို့ ဖောက်ထားတဲ့ မိုင်းကွက် - မိုင်းထား - မိုင်းတော့ - ပန်မိုင်ဆုန် ကားလမ်းပေါ်ရှိ (၁) လွယ်ဆမ်ဆုမ်စခန်း၊ (၂) ကျူဟူးလုံး (မိုင်းကွက်) စခန်း၊ (၃) ဟွေ့ယောဝ်း (ပန်ယန်း) စခန်းတို့ ဖြစ်တယ်။ အပစ်ခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို နယ်ခြားစောင့် တပ်ဖွဲ့တွေ အဖြစ် အသွင်ကူးပြောင်းရေး အတွက် နအဖ စစ်အစိုးရက ကမ်းလှမ်းထားတာကို ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ) က လက်မခံနိုင်ကြောင်း မေလ အစောပိုင်းက နအဖ စစ်ဘက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ကို အကြောင်း ကြားခဲ့တယ်လို့ တရုတ်-မြန်မာ နယ်စပ် အခြေစိုက် ဗကပ အဖွဲ့ဝင်ဟောင်း တဦးဖြစ်သူ ဦးအောင်ကျော်ဇောက ဧရာဝတီကို အခုလို ပြောဆိုခဲ့တယ်။ "ဗိုလ်ချုပ်ကြီး ရဲမြင့်ကို သူတို့ အကြောင်းပြန်တယ်။ (၁) အချက် လက်မခံနိုင်ဘူး၊ (၂) အချက် လက်ရှိ အခြေအနေကို ထိန်းသိမ်းသွားမယ်၊ (၃) အချက်က တပ်မတော်ကို အသွင်ပြောင်းရေး နအဖက တင်ပြတဲ့ အကြောင်းအရာကို စဉ်းစားဆွေးနွေး သွားမယ်တဲ့"။၂ဝဝ၉ ခုနှစ်အတွင်း နအဖ တပ်ဖွဲ့များနှင့် ဝတပ်ဖွဲ့ အကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ။
၂ဝဝ၉ နှစ်၊ ဇန်နဝါရီလဆန်းမှာ ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်က မြန်မာနိုင်ငံ ဝ,ပြည်နယ် အစိုးရ အထူးအုပ်ချုပ်ရေး ဒေသ ဆိုတဲ့ စကားလုံးကို သုံးနှုန်းတော့မှာ ဖြစ်တဲ့ အကြောင်းကို မြန်မာ စစ်အစိုးရထံကို အကြောင်းကြားထားတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာ မြန်မာ စစ်အစိုးရနဲ့ ဝ တိုင်းရင်းသား အဖွဲ့တွေ ဆက်ဆံရေး တင်းမာလာတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ အထိ နအဖ စစ်အစိုးရတပ်နဲ့ နှစ်ဖက် တိုက်ပွဲဖြစ်တာ နှစ်လကျော် အတွင်းမှာ ၃ ကြိမ် ရှိပြီလို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ (အာရ်အက်ဖ်အေ၊ ၁၁၊ ဖေဖော်ဝါရီလ၊ ၂ဝဝ၉)၂ဝဝ၉ ဇန်နဝါရီ ၁၈ ရက်။ ဝ ပြည်သူတွေကို ဆန်တွေ အခမဲ့ သွားဝေငှမယ်လို့ အကြောင်းပြချက်နဲ့ ဆန်အိတ် ၃ဝဝ တင် တရုတ်နိုင်ငံလုပ် တုန်းဖှိန်းကား ၅ စီးနဲ့ နအဖ စစ်တပ်ရဲ့ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် (ညွှန်ကြားရေးမှူးချုပ်) ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နဲ့ လုံခြုံရေး တပ်ဖွဲ့ ၄ဝ ကျော်ဟာ ဝ နယ်အတွင်း ဝင်လာခဲ့တယ်။ အဲဒီ စစ်ယာဉ်တန်းက ကားတစီး ဝ ဌာနချုပ် ပန်ဆန်း အသွား မိုင်းပေါက် အလွန် ၅ မိုင် လမ်းခုလတ်မှာ တိမ်းမှောက်ခဲ့တယ်။ ဝ တပ်ဖွဲ့ အင်အား ၂ဝဝ ခန့်က လာရောက် ကူညီပေးရာမှ ဆန်အိတ်အောက်က လက်နက်ကြီး ၁၂ဝ မမ မော်တာ ၁ လက်နဲ့ ကျည် အလုံး ၄ဝ၊ ပုခုံးထမ်း အာပီဂျီ ၈ လက် ကျည် ၃၈ တောင့်၊ ရုရှား/ အိန္ဒိယထုတ် ဒင်ခေါက် အေကေ-၄၇ လိုလို အမ်-၂၂ လိုလို အော်တို ရိုင်ဖယ် အသစ် ၆၃ လက် ထောင်နဲ့ချီတဲ့ ကျည်ဆံတွေ တွေ့ရှိကာ ဖြုတ်သိမ်း ထားလိုက်တယ်။ အဲဒီ လက်နက် ခဲယမ်းတွေကို နအဖ အကြိမ်ကြိမ် ပြန်တောင်းသော်လည်း အဲဒီ လက်နက်တွေထဲက တလက်မှ ပြန်ပေးမှာ မဟုတ်ကြောင်း အခုအချိန်ထိ ပန်ဆန်း ဌာနချုပ်က ပြတ်သားစွာ ငြင်းပယ်မြဲ ဖြစ်တယ်။
၂ဝဝ၉ မေလ ၁၂။ နေပြည်တော်မှ တိုက်ရိုက်လာတဲ့ လဝက ဝန်ထမ်းတွေ အပြင် ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းယန်းတို့ရှိ နအဖ ဌာန ပေါင်းစုံမှ ဝန်ထမ်းအင်အား စုစုပေါင်း ၄၃ ယောက်ဟာ ဝ နယ်အတွင်း သန်းခေါင်စာရင်း ဆင်းကောက်ရန် ဧပြီလ ၄ ရက်နေ့က ဝ နယ်စပ်သို့ ရောက်ရှိလာပြီး ဝ နယ်ထဲ ဝင်ခွင့် မရသေးတာကြောင့် ခိုဆုန်ဂိတ် တောင်ဘက် ကျေးရွာ တရွာမှာ သောင်တင်နေစဉ် အချင်းချင်း မဖွယ်မရာ ကိစ္စ ဖြစ်ပွားပြီး စကားများကြသည်။ ဝပြည် တည်ထောင်ခြင်း အနှစ် (၂ဝ) ပြည့် အခမ်းအနား မတိုင်ခင် တရက် ဖြစ်တာကြောင့် ပွဲတော် အတွက် ဝ ဘက်က လုံခြုံရေး အထူး တင်းကြပ်ထားချိန်မှာ အဲလို မဖွယ်မရာ ကိစ္စကြောင့် အချင်းချင်း စကားများတာ ဖြစ်ပွားတာကြောင့် ကင်းလှည့်နေတဲ့ ဝ လုံခြုံရေးတပ်က ဝင်ရောက် ဖြန်ဖြေပေးပါတယ်။ အဲဒီအခါမှာ နအဖ စစ်ဘက် လုံခြုံရေး အဖွဲ့ - စရဖ တဦးက မောက်မောက်မာမာ ပြန်လည် ပြောဆို ဆက်ဆံ ခဲ့တာကြောင့် ဝတပ်ဖွဲ့က အဲဒီ စရဖကို ထိုးကြိတ် လိုက်တယ်လို့ တရုပ်နယ်စပ် သတင်းကို အခြေခံပြီး သျှမ်းသံတော်ဆင့်ရဲ့ မေလ ၁၂ ရက်နေ့ သတင်း တပုဒ်မှာ ဖော်ပြ ပါရှိခဲ့ပါတယ်။
"သူတို့ အဖွဲ့ထဲမှာ ကျောင်းဆရာမတွေ ပါတယ်၊ ဌာန ပေါင်းစုံပဲ၊ မိန်းခလေး ယောကျာ်းလေး အတူနေတော့ မဖွယ်မရာ ကိစ္စဖြစ်ပြီး အချင်းချင်း စကားများကြတယ်။ အဲအချိန် ကင်းလှည့်နေတဲ့ ဝ အဖွဲ့ လာတိုးတော့ သူတို့တွေကို ဝင်တားတယ်။ အဲအချိန် စရဖ တဦးက ဝ တွေကို 'ဒါ ကျုပ်တို့လူ ခင်ဗျားတို့နဲ့ မဆိုင်ဘူး' လို့ တင်းတင်းမာမာ ပြောလိုက်တဲ့ အတွက် သူ ထိုးကြိတ် ခံလိုက်ရတာ" လို့ ခိုဆုန်ရှိ ဝန်ထမ်း တဦးက ပြောပါတယ်။
"အဲ ကင်းလှည့် နေတဲ့ ဝ အရာရှိက တော်တော် စိတ်ဆိုးသွားတဲ့ ပုံပဲ၊ ဒါ ကျုပ်တို့ ထိန်းချုပ် နယ်မြေ၊ ခင်ဗျားတို့ ပြင်ပ ဧရိယာမှာဆို ကြိုက်သလိုလုပ် ဆိုပြီး အဲဒီ့ စရဖ အဖွဲ့ဝင် တပ်ကြပ် ရဲလွင်ရဲ့ လည်ကုတ်ကို ဆွဲပြီး ထိုးထဲ့လိုက်တယ်။ တခြား အဖွဲ့တွေက ပြဿနာ ကြီးသွားမှာကို စိုးရိမ်တဲ့ အတွက် အဲ စရဖ ရဲလွင်ကို မိုင်းယန်းကို ညတွင်းချင်း ပို့လိုက်တယ်" လို့လည်း အဲဒီ ရွာသွားက ဆက်ပြောသွားကြောင်း သျှမ်းသံတော်ဆင့် သတင်းမှာ ရေးသားထားပါတယ်။
၂ဝဝ၉ မေလ ၁၉။ မေလဆန်းပိုင်းက နားကောင်းမူး အခြေစိုက် နအဖရဲ့ ခလရ (၆၅) မှ လူအင်အား ၁ဝ ယောက်ပါ နယ်လှည့် စစ်ကြောင်း တကြောင်းက မိုင်းတုံမြို့ အရှေ့တောင်ဘက် ဟွေ့ပန်ကျိုင်း လျှိုမြောင်အတိုင်း ငါးလိုက် ဖမ်းနေတဲ့ ယူဒဗလျူအက်စ်အေ တောင်ပိုင်း တာ့ရုန့် ဦးစီးတဲ့ တပ်မဟာ (၂၄၈) မှ ဝ တပ်သား တဦးအား သတ်ပြီး နားပါကောဝ် ရွာသားများအား "ကျုပ်တို့ ရှမ်းသူပုန် တယောက် ဖမ်းမိတယ်။ သတ်လိုက်ပြီ၊ ကြည့်ချင်ရင် လျှိုမြောင်ထဲမှာ ကားစင်တင် ထားတယ်" လို့ အဲဒီ စစ်ကြောင်းက ပြောကြားသွားတယ် ဆိုပြီး သျှမ်းသံတော်ဆင့်က မေလ ၁၉ ရက်နေ့မှာ သတင်း ထုတ်ပြန်ခဲ့တယ်။ နောက်ပိုင်းမှာ ခလရ ၆၅ က အဲဒီ ဝ တပ်သားကို အက်စ်အက်စ်အေ ရှမ်းသူပုန် တင်ပြီး အမှန်တကယ် လူမှား သတ်ဖြတ်မိကြောင်း၊ ဒါကြောင့် လျော်ကြေးငွေ ကျပ် ၅ သိန်းပေးပါမယ့်လို့ ဝ တပ်ဖွဲ့ကို ကမ်းလှမ်း ခဲ့သော်လည်း ဝ တပ်ဖွဲ့က ငွေမလိုချင်ကြောင်း၊ ဗမာ စစ်တပ်ရဲ့ ရက်စက်မှု အတွက် ပြန်လည် ချေပသွားမှာ ဖြစ်တယ်ဆိုပြီး အမည် မဖော်လိုတဲ့ တပ်မဟာ (၂၄၈) မှ အရာရှိ တဦးက ဆိုကြောင်းလည်း အဲဒီ သတင်းမှာ ရေးသား ဖော်ပြထားပါတယ်။
No comments:
Post a Comment