Thursday, October 10, 2013

+ “၀” တိုင်းရင်းသား

“၀” တိုင်းရင်းသားများ၏ စာပေ နှင့် ရိုးရာဓလေ့တစ်ချို့ (Some of Wa Literature and cultures )

May 25, 2013 at 12:54am
မြန်မာနိုင်ငံအတွင်းတည်ရှိနေထိုင်နေကြတဲ့ တိုင်းရင်းသားအများအပြားရှိလှပါတယ်။ ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှုများစွာရှိပါတယ်။ ရှေးဘိုးဘွားတွေကတည်းက လုပ်ကိုင်စားသောက် အသက်မွေးဝမ်းကြောင်းပြုလာခဲ့တယ့် လယ်ယာ၊တောင်ယာများကိုလဲ ယခုလက်ရှိ မြန်မာနိုင်ငံမှ တိုင်းရင်းသားအားလုံးဟာ ထိန်းထိန်းသိမ်းသိမ်းပြုလုပ်နေကြဆဲပင်မဟုတ်ပါလော။


ရိုးရာဓလေ့အရလဲ မြန်မာနိုင်ငံမှတိုင်းရင်းသားအားလုံးသည် ကိုယ်ပိုင်ရိုးရာဓလေ့များ နေ့ထူးနေ့ရက်များရွေးချယ်သက်မှတ်ကာ ပြုလုပ်ကြစမြဲ ချစ်စရာဓလေ့များနဲ့အတူ နိုင်ငံတော်ကြီးထူထောင်ရာမှာ အနာဂတ်မျိုးဆက်သစ်များအတွက် မျိုးစေ့ချပေးရင်း ခွန်အားသစ်၊ အင်အားတွေကိုဖြစ်ပေါ်စေပါတယ်။

မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားအားလုံးမှာ ကိုယ်ပိုင်ယဉ်ကျေးမှု၊စာပေ၊အနုပညာများ ရှိခြင်းမှာလဲ အနာဂတ်များအတွက် သမိုင်းကျောက်တိုင်ကြီးတည်စေပါတယ်။ မြန်မာနိုင်ငံအတွင်းရှိတိုင်းရင်းသားအများစုသည် ကိုယ်ပိုင်စာပေများကို ပွင့်လင်းစွာ အသုံချခွင့်ရရှိပါသည် သို့သော်လည်းပဲ ကိုယ်ပိုင်စာပေကို ပွင့်လင်းစွာ အသုံးမပြုရ မမြင်ရသောတိုင်းရင်းသား အနည်းစုလည်း ရှိနေလေသည်။

ဒီလိုကိုယ်ပိုင်စာပေကို ပွင့်လင်းစွာမမြင်တွေ့ရ အသုံးမပြုရတယ့် တိုင်းရင်းသားနွယ်တွေအတွက် ရှေ့ဆက်မျိုးဆက်သစ်များအတွက် သမိုင်းကျောက်တိုင်ကြီးရှိနေလဲ လက်တွေ့မှာ ဆုံးရှုံးနစ်နာမှုတွေ ရှိနေမှာပါ။

ဒီလိုဆိုတော့ တိုင်းရင်းသားအနည်းစု ကိုယ့်စာပေယဉ်ကျေးမှုကို ကိုင်တွယ်အသုံးပြုပြီ ပွင့်လင်းစွာမရရှိသာလဲဆိုသာကိုလေ့လာကြည့်ရအောင် ကျွန်တော့ရဲ့ယူဆချက်လေးပါ

၁။နယ်စပ်ဒေသ
၂။အုပ်ချုပ်သူများ၏ ပေါ့ဆမှု(တိုင်းရင်းနွယ်)
၃။အားလုံးက အလေးမထားခြင်း(တိုင်းရင်းနွယ်)
၎။နိုင်ငံတော်အစိုးရကိုယ်တိုင်က ပြစ်ပယ်ထားခြင်း
၅။ပွင့်လင်းမှုမရှိခြင်း(တိုင်းရင်းနွယ်)။

မြန်မာနိုင်ငံမှတိုင်းရင်းသားများအားလုံး ကိုယ်ပိုင်စာပေယဉ်ကျေးမှုများကို ပွင့်လင်းစွာအသုံးပြုခွင့်ရကြပါစေသား။
(“၀” ကလေး)


@@@@    ဆရာ အိုက်ဝ နှင့်  မောင်လေး Ike San အားကျေးဇူးတင်ပါသည်။။

No comments: