Sunday, December 22, 2013

ဂီတာဝါသနာရှင်များအတွက်တသင်းကောင်း

ဂီတာဝါသနာရှင်များအတွက် အခုမှစလေ့လာတဲမိတ်ဆွေတွေအတွက် အထူးလက်ဆောင်ပါ အဟောင်းတောအဟောင်းပါပဲမသိတေးတဲမိတ်
မိတ်ဆွေများအတွက်မျှောက်မှန်းထားပါတယ်
ကိုကြိုက်တဲ (mp3)သီချင်းကိုဖွင့်ပြီးကီးတွေကို
အလွယ်တကူဖော်ပြတာဖြစ်ပါတယ်
ဂီတာကီးတွေကိုအထူးလိုက်ရှာစမလိုပဲ
ဒီsoftwoerနဲ သီချင်းကိုဖွင့်ပြီးကီးတွေကိုပေါ်လာ
တာအရမ်းကောင်းပါတယ် ကျန်တော်စမ်းကြည့်ပြီးပြီ အရမ်းကောင်းတယ် ကီးတွေမရှာတတ်တဲ ဂီတာတီးနေတတဲမိတ်ဆွေများအတွက်အသုံးဝင်မှာပါ ဆိုဒ်ကလဲ 1mb ကျော်ကကျော်ပဲရှိပါတယ်
ဒေါင်းရတာလွယ်ကူပြီးမြန်ဆန်မှာပါ အားလုံးအဆင်ပြေပါစေ (ဒေါင်းရန်နှိပ်ပါ)

Sunday, November 10, 2013

+ ဝ တပ်ဖွဲ့ပိုင် စစ်လက်နက်တချို့

ဝ တပ်ဖွဲ့ပိုင် စစ်လက်နက်တချို့

မြန်မာ့နိုင်ငံတွင် တပ်မတော်ပြီးနောက် ဒုတိယ အင်အားအကြီးဆုံးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဝ တပ်ဖွဲ့များ၏ စစ်လက်နက်များ အားဖော်ပြပေးလိုက်ရပါသည်။ ပြည်တွင်းအင်အားစုရဲ့ လက်နက်အင်အားထက် သူတို့နောက်ကွယ်မှာရှိတဲ့ တရုပ်ရဲ့ အကြံအစည်ကို သတိထားမိစေလိုသော ဆန္ဒကြောင့် တင်ရခြင်း ဖြစ်ပါတယ်...။

တရုပ်နိုင်ငံမှ ဝယ်ယူထားသော ZFB 05 သံချပ်ကာယာဉ်အား ဝ တပ်ဖွဲ့စစ်ရေးပြပွဲတစ်ခုအတွင်းတွင် တွေ့ရစဉ်ဖြစ်ပါသည်။ပုံတွင် တွေ့ရသောအချက်များအရ အစီးရေ ၃စီး တွေ့ရပြီး နောက်ထပ်မည့်မျှထိ ရှိဦးမည်ကို မသိရပါ...။

NSV တွေရဲ့ စနစ်ကို ပုံတူယူထားတဲ့ စက်သေနတ်လို့ ထင်ပါတယ် (အမျိုးအစား မသိပါ)


၁၂.၇မမ Dshk စက်သေနတ်ကြီးကို တပ်ဆင်ထားသည့် သံချပ်ကာယာဉ်


ဒီသံချပ်ကာယာဉ်မှာကတော့ ဘာစနစ်လည်း ဆိုတာမသိရပါဘူး..


ဝ တပ်ဖွဲ့၏ ဘမ်မာ စစ်သုံးယာဉ်


အမေရိကန် ကြည်းတပ်သုံး ဟမ်ဗီး စစ်သုံးယာဉ်ဒီဇိုင်းကို ယူထားတဲ့ ဟမ်မာ စစ်သုံးယာဉ်အသွင်ပြောင်းထားတဲ့ ဝ တပ်ဖွဲ့တွေရဲ့ ကားဖြစ်ပါတယ် အနားက စစ်သုံးယာဉ်ကတော့ တပ်မတော် (ကြည်း)က ဖြစ်ပါလိမ့်မယ်...။

တရုပ်ဆီမှ ရရှိထားသည့် Dong Feng စစ်သုံးယာဉ်များ

ဒီစစ်ကားတွေကတော့ တပ်မတော်မှာလည်း အသုံးပြုပါတယ်...။

မူရင်းက ရုရှားထုတ်ပါ နာမည်ကြီးပါဘဲ Dshk ၁၂.၇မမ စက်သေနတ်ကြီး ဖြစ်ပါတယ်....။



ပြည်တွင်း စစ်ရေးအခြေအနေကို ဖော်ပြလိုခြင်းမဟုတ်ပါ တချိန်မှာ မြန်မာနိုင်ငံအတွက် အဓိကရန်သူဖြစ်လာနိုင်တဲ့ တရုပ်ရဲ့ အစီစဉ်တစ်ချက်လို့ ယူဆမိလို့ အားလုံးသိအောင် ဖော်ပြပေးခြင်းဖြစ်ပါတယ်....။ ပြည်တွင်းကစည်းလုံးနေရင် ဘယ်ရန်သူကိုမှ ကြောက်နေစရာမလိုပါဘူးခင်ဗျာ....။ (ပို့ပေးထားကြတဲ့ ပုံတွေနှင့် သူငယ်ချင်းတွေဆီက ပုံတွေ ထပ်ဖြည့်ပြီး တင်ထားပါတယ်....။)
ပုံတွေပြန်တင်ပြီး...။

+ ဘိုးဘိုးအောင် ဖန်ဆင်းတဲ့ ဝ လား...... (၃)


ဘိုးဘိုးအောင် ဖန်ဆင်းတဲ့ ဝ လား...... (၃) 

 

 

 Photo: ဘိုးဘိုးအောင် ဖန်ဆင်းတဲ့ ဝ လား...... (၃) 
ဗမာပြည်ကွန်မြူနစ်ပါတီ ကျဆုံးခြင်း (သို့) UWSA ဝ စစ်တပ် ပေါ်ပေါက်လာပုံ

ပဲခူးရိုးမမှ လွင့်စင်သွားခဲ့သော မြန်မာပြည်ကွန်မြူနစ်ပါတီ (ခ) ဗကပဟာ ရှမ်းပြည်အရှေ့ပိုင်း ပန်ဆန်းမှာ ဌာနချုပ်အဖြစ် ဖွင့်လှစ်ပီး ဆက်လက် လှုပ်ရှားနေပါတယ်…… ဗကပစစ်တပ်၏ တပ်မှူး အားလုံးနီးပါးဟာ တိုင်းရင်းသား လူမျိုးစု များစွာပါဝင်ပါတယ်…… တပ်မှူးတချို့ဟာ ဝ လူမျိုးတွေဖြစ်ပြီး အများစုကတော့ ကိုးကန့်တရုတ်၊ ကချင်၊ ရှမ်းနှင့် အခြားလူမျိုးစုများ ဖြစ်ပါတယ်…… ဗမာကတော့ မတ်(ခ)လီနင်ဝါဒီ၊ ပါတီခေါင်းဆောင် များနှင့် တပ်ဖွဲ့အသီးသီးတွင် တွဲဖက်တာဝန် ယူထားသော နိုင်ငံရေးမှူးတွေသာ ရှိပါတယ်….

တိုင်းရင်းသားတွေ ကွန်မြူနစ်ပါတီ အလံအောက် ရောက်လာကြသည်ရတာကတော့ ဝါဒရေးရာ (Ideology) ယုံကြည်မှုထက် လူမျိုးစုဆိုင်ရာ မကျေနပ်ချက်တွေနဲ့ ယေဘုယျ အစိုးရဆန့်ကျင်ရေး စိတ်အခံတွေကြောင့် များပါတယ်….. ခန့်မှန်းခြေအရ ဗကပ တပ်ရဲ့ အောက်ခြေတပ်သားစု ၈၀ ရာခိုင်နှုန်းအောက်မှာ တရုတ် - မြန်မာ နယ်စပ်မှာ နေထိုင်ကြတဲ့ တောင်ပေါ်သား လူမျိုးစု တစ်ခုဖြစ်သော ဝ မျိုးနွယ်စုမှ ဝ လူမျိုး အမျိုးသားတွေပဲ ဖြစ်ပါတယ်….. ဒါကြောင့် ဗကပက ခွဲထွက်လာချိန်မှာ ဝ တွေဟာ ကိုယ်ပိုင်စစ်တပ်ဖြစ်တဲ့ UWSA ဆိုတာ ဖြစ်လာပါတယ်…..

တရုတ်ပြည်ရဲ့ အထောက်အပံ့နည်းလာတဲ့အတွက် ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ ဟာ ၎င်းအုပ်စိုးရာ နယ်မြေအတွင်းမှာ ပါတီရံပုံငွေ ရစေရန် ဘိန်းစိုက်သူ များနှင့် ဘိန်းရောင်းဝယ် ဖောက်ကားသူများကို ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံပြီး ခွင့်ပြုထားခဲ့သည်။ ထိုမှစတင်ကာ ဗကပ အုပ်စိုးရာ လက်အောက်ခံ ဒေသတွေမှာ ဘိန်းလုပ်ငန်းတွေ တွင်ကျယ်လာပီး ဗကပ တပ်မှူးများကိုယ်တိုင် ဘိန်းစိုက်ပျိုးမှုတွေမှာ ပါဝင်ပါတ်သက်ခဲ့ကြပါတယ်…. ဗကပ အုပ်စိုးမှု ဒေသမှ ထွက်ရှိလာတဲ့ ဘိန်းတွေရဲ့ ပြဿနာဟာ တရုတ်ပြည်အတွက် ပြဿနာ အကြီးအကျယ်ဖြစ်လာပါတယ်….. ပို၍ ပို၍များလာတဲ့ ဘိန်းဖြူ ပြဿနာဟာ မြန်မာနဲ့ တရုတ်နယ်ခြား ယူနန်ပြည်နယ်မှတစ်ဆင့် ကူမင်းမှသည် ဟောင်ကောင်သို့တိုင် ခရီးဆန့်နေပါတော့တယ်….. ဒီအတွက် ဗကပ လက်အောက်ခံ ဒေသများမှ ထွက်ရှိနေတဲ့ ဘိန်းဖြူ ဘိန်းမဲများဟာ ဗကပ ခေါင်းဆောင်များသာမက တရုတ်ပြည်အတွက်ပါ ခေါင်းခဲစရာတွေ ဖြစ်လာလို့နေပါတယ်……

၁၉၆၀ ပြည့်လွန်နှစ်များမှသည် ၁၉၇၀ ပြည့်လွန်နှစ်များ အတွင်း ဗကပဟာ အရှေ့တောင်အာရှ ဒေသတွင်းရှိ အခြားသော ကွန်မြူနစ်ပါတီများလို တရုတ်ပြည်မှ အလွန် များပြားသော အထောက်အပံ့များ ရရှိခဲ့ပါတယ်။ ပီကင်းအစိုးရရဲ့ ၎င်းတို့နိုင်ငံစီးပွားရေးကို ခေတ်မှီစေဖို့၊ နိုင်ငံခြားကုန်သွယ်မှုကို မြှင့်တင်ဖို့ ကြိုးပန်းတဲ့အခါမှာတော့ ၎င်းတို့ပေးနေတဲ့ အကူအညီတွေကို လျှော့ချလိုက်ရပါတော့တယ်…… ပီကင်းအစိုးရရဲ့ အကူအညီတွေ ဖြတ်တောက်မှုကြောင့် အထိနာသွားသူတွေကတော့ “မလေးရှား ကွန်မြူနစ်ပါတီ” နဲ့ “ထိုင်း ကွန်မြူနစ်ပါတီ” တို့ပဲ ဖြစ်ပါတယ်….. မလေးပါတီကတော့ ဗကပ ကဲ့သို့ နောက်ဆုံးနေ့ရက်များကို ဦးတည်သွားပီး ထိုင်းပါတီကတော့ လုံးဝကို ပြိုလဲသွားခဲ့ရပါတယ်….

မြန်မာနိုင်ငံအနေနဲ့ကတော့ ဗကပ ပါတီတွင်း တော်လှန်ပုန်ကန်မှုတွေ ဆက်လက်ဖြစ်ပေါ်နေခဲ့ပါတယ်…… ထိုအချိန်မှာ တရုတ်ပြည်က ဗကပ ခေါင်းဆောင်များနဲ့ အဆင့်မြင့် ကေဒါများကို ၎င်းနိုင်ငံအတွင်းမှာ ခိုလှုံခွင့်ယူရန် စတင် ကမ်းလှမ်းခဲ့ပါတယ်… ၁၉၈၁ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ ကမ်းလှမ်းမှုမှာ နိုင်ငံရေးခိုလှုံသူတွေကို တရုတ်အစိုးရမှ သင့်တင့်တဲ့ ပင်စင်ပေးဖို့လည်း ပါဝင်ခဲ့ပါတယ်…… သို့သော် ကြပ်တည်းလာတဲ့ ဘဏ္ဍာရေး အခက်အခဲများကြောင့် ဗကပ အဖွဲ့များ လက်နက်တပ်ဆင်နိုင်ရန်၊ ၎င်းတို့ အုပ်စိုးရာ နယ်မြေအတွင်းရှိ စာသင်ကျောင်း၊ ဆေးရုံတွေကို ထိမ်းသိမ်းဖို့ အခက်အခဲတွေ ရှိနေပါတယ်…. ဒီအခက်အခဲတွေကို ဖြေရှင်းဖို့ ဗကပဟာ ဘိန်းကူးသန်းရောင်းဝယ်မှုသာမက ဒေသခံ လူထုအပေါ်မှာပါ အဆမတန် အခွန်တွေ တိုးမြှင့်ကောက်ခံခဲ့ပါတယ်….. ထိုသို့အခွန်တိုးမြှင့် ကောက်ခံလိုက်သည့်အတွက် အရှေ့မြောက်ပိုင်း နယ်စပ်ဒေသရှိလူထုနှင့် ဗကပ ဗဟိုကော်မတီ ခေါင်းဆောင်များကြား အက်ကြောင်းများ ကြီးကြီးမားမား ဖြစ်လာစေခဲ့ပါတယ်…..

သို့ဖြစ်တဲ့အတွက် ဗကပ ဗဟိုကော်မတီဝင်တွေဟာ တရုတ်ရဲ့ ဖိအားပေးမှုကြောင့် မူးယစ်ဆေးဝါး ဆန့်ကျင်မှုကို လုပ်ဆောင်ရပါတော့တယ်….. ထိုသို့လုပ်ဆောင်ခြင်းရဲ့ အကျိုးရလာဘ်ကတော့ ဗကပရဲ့ မူဝါဒကို မြတ်နိုးတဲ့ ပါတီရဲ့ အပေါ်ပိုင်းခေါင်းဆောင်များနဲ့ ဘိန်းကုန်ကူးရာမှာ အမြတ်အစွန်းများစွာ ရနေတဲ့ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ပြင်းထန်တဲ့ ပဋိပက္ခတွေ ဖန်တီးပေးလိုက်သလို ဖြစ်သွားပါတယ်….. သို့သော် နောက်ကွယ်မှ တရုတ်ရဲ့ ဖိအားကြောင့် ပါတီခေါင်းဆောင်ပိုင်းဟာ ဘိန်းတိုက်ဖျက်ရေးကို တစိုက်မတ်မတ် လုပ်ခဲ့ရာမှာ ပါတီတွင်းအကွဲအပြဲကို မလွဲမရှောင်သာ ရင်ဆိုင်လိုက်ရပါတော့တယ်……

ဗကပ တပ်တွင်းပုန်ကန်မှုဟာ စောလျင်စွာ ဖြစ်ဖို့ရှိပေမယ့် အောက်ခြေ ရဲဘော်များနဲ့ ဒေသခံ တပ်မှူးတွေဟာ အဆိုပါကိစ္စအပေါ် တရုတ်ရဲ့ တုံ့ပြန်မှုကို မခန့်မှန်းနိုင်တဲ့အတွက် အချိန်ယူ အကဲခတ်နေခဲ့ကြပါတယ်….. ထို့အတူပဲ ဗကပ ခေါင်းဆောင်ကြီးများကို တရုတ်အရာရှိများက နယ်စပ်ကတစ်ဆင့် မှန်လုံဇိမ်ခံကားကြီးများနဲ့ ခေါ်ဆောင်သွားလေ့ ရှိတာကိုလည်း သိရှိထားတဲ့ သူတို့အတွက် ပုန်ကန်မှုဟာ လွယ်လွယ်ကူကူ စတင်ဖို့ အခက်အခဲ ရှိနေခဲ့ပါတယ်……. ၁၉၈၉ ခု မတ်လ ၁၂ ရက်နေ့မှာတော့ ဗကပ ဗဟိုကော်မတီရဲ့ တိုင်းရင်းသားခြင်း ဖိနှိပ်ဆက်ဆံမှု၊ အခွန်မတရားကောက်မှုတွေကြောင့် မကျေမနပ်ဖြစ်နေတဲ့ လက်အောက်ခံ ဒေသများထဲမှ ကိုးကန့်အဖွဲ့ဟာ ပထမဦးစွာ ဗကပရဲ့ ခေါင်းဆောင်မှုကို တရားဝင် စိန်ခေါ်လိုက်ပါတော့တယ်……

ကိုးကန့်ဒေသက စ လိုက်တဲ့ တပ်တွင်းပုန်ကန်မှုဟာ ဝ ဒေသကိုပါ ပြန့်နှံ့ခဲ့ပြီး တရုတ် မြန်မာ နယ်စပ်တစ်လျှောက်မှာရှိတဲ့ ဗကပ အုပ်စိုးရာ ဒေသတွေ အားလုံးကို လျင်လျင်မြန်မြန်နဲ့ ပျံ့နှံ့သွားပါတယ်….. ဝ တပ်တွေဟာ ပန်ဆန်းရှိ ဗကပတို့ ရုံးစိုက်ရာတောင်ကုန်းကို အမြှောက်နှင့် ပစ်ခတ်ခြင်းမှ စတင်ကာ ပန်ဆန်းရှိ ဗကပ ဌာနချုပ်ကျဆုံးသွားခဲ့ရပြီး ဗကပ၏ အသံလွှင့်ရုံကိုလည်း သိမ်းပိုက်လိုက်ပါတော့တယ်…… ပါတီဌာနချုပ်တွင် ချိတ်ဆွဲထားသော မာ့ခ်၊ လီနင်၊ မော်စီတုန်း အစရှိတဲ့ ကွန်မြူနစ် ဝါဒပိုင်းဆိုင်ရာ နာမည်ကြီး ခေါင်းဆောင်တွေရဲ့ ဓါတ်ပုံတွေဟာ ရိုက်ချိုးဖျက်ဆီးခံလိုက်ရပါတယ်…. ပန်ဆန်းကို သိမ်းပိုက်အပြီး ဧပြီလ ၁၈ ရက်နေ့မှာတော့ “ဗမာပြည် ကွန်မြူနစ်ပါတီ၏ ကျဉ်းမြောင်းသော လူမျိုးရေးပေါ်လစီများ” ဆိုသည့် ပထမဆုံး ဗကပကို ရှုတ်ချပြစ်တင်သည့် အသံလွှင့်ချက် ထွက်ပေါ်လာပါတယ်။ ဧပြီလ ၂၈ ရက် နေ့မှာတော့ ပိုမိုပြင်းထန်တဲ့ နောက်ထပ် အသံလွှင့်ချက် ထွက်ပေါ်လာပါတယ်…. အသံလွှင့်ချက်ထဲမှာ ပါဝင်လာတာကတော့

“ဗကပဟာ ဘာတိုးတက်မှုမှ မဖန်တီးနိုင်ခဲ့ပါဘူး။ ဘာ့ကြောင့်လဲ ...။ ကျွန်တော်တို့အမြင်ကို ပြောရရင် ခေါင်းဆောင် တချို့ဟာ အာဏာကို အသေဖက်တွယ် ထားကြလို့ပဲ။ မှားယွင်းတဲ့လမ်းစဉ်ကို ခေါင်းမာမာ ဆက်ကိုင်ထားကြလို့ပဲ။ ဒီလူတွေဟာ တကယ့်အရှိတရားနဲ့ ကင်းကွာနေကြတယ်။ ငါတကောဝါဒနဲ့ ဂိုဏ်းဂဏဝါဒကို ကျင့်သုံးနေကြ တယ်။ ပြည်တွင်းပြည်ပ အခြေအနေတွေကို လေ့လာဆန်းစစ်ဖို့ သရုပ်ခွဲ စိစစ်ဖို့ ပျက်ကွက်ကြတယ်။ တကယ့်အစစ်အမှန် ရုပ်အခြေအနေကို ဥပေက္ခာ ပြုထားကြတယ် ...။ သူတို့ဟာ ဝဒေသက လူထုကို လိမ်ညာခဲ့ကြတယ်။ လိမ်လုံးညာလုံးတွေ ဝါဒဖြန့်ချိရေး တွေနဲ့ ကျွန်တော်တို့ကို သူတို့ရဲ့ အယောင် ဆောင်တော်လှန်ရေးထဲ ဆွဲခေါ်ခဲ့ကြတယ်။”
“ခေတ်မီလက်နက်တွေ တပ်ဆင်ထားတဲ့ ရန်သူကို ဗလာချီ အိုင်ဒီအိုလိုဂျီဆိုတာနဲ့ ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ။ သဘောတရားနဲ့ လက်တွေ့မပေါင်းစပ်နိုင်တဲ့ စစ်ရေးနည်းနာ တွေနဲ့ ဘယ်လိုလုပ် အနိုင်တိုက်နိုင်မှာလဲ ...။ ကျွန်တော်တို့ ဝဒေသလူထု ကြီးဟာ ပြည်တွင်းဖြစ်စေ၊ ပြည်ပဖြစ်စေ ဘယ်ကျူးကျော်ရေး တပ်ဖွဲ့ကိုမှ လက်ညှိုးထောင် ခေါင်းညိတ် မလုပ်ဘူး။ အလိုလိုက် အကြိုက်မဆောင်ဘူး။ ယဉ်ကျေးမှုအရာနဲ့ စာပေအရာမှာ ကျွန်တော်တို့ဟာ ဆင်းရဲပါတယ်။ ခေတ်နောက်ကျပါတယ်။ ဒါပေမဲ့ သန္နိဋ္ဌာန်တော့ သိပ်ခိုင်တယ်။”
“အတိတ်က ကာလတစ်ခုမှာ ဗကပထဲက စိတ်ယုတ်၊ စိတ်ပုတ်ရှိတဲ့ သူတစ်ဦးရဲ့ အာဏာလုပွဲနောက် လိုက်ခဲ့ရတဲ့ ကျွန်တော်တို့ ဝဒေသ ပြည်သူလူထုကြီးရဲ့ ဘဝတွေ ဘာတွေဖြစ်ခဲ့ရပါသလဲ ...။ သိပ်ကို ကြမ်းတမ်း ခက်ထန်ခဲ့ရတယ်။ အခွန်အကောက်တွေ တိုးကောက်ပြန်တော့ လူထုအတွက် ဝန်ထုပ်ဝန်ပိုးဟာ ပိုလေးလံ ကြီးမားခဲ့ရတယ်။ သိပ်ကိုအန္တရာယ်ကြီးတဲ့ အခက်အခဲတွေနဲ့ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ကြရတယ်။ ဒီလိုအနေအထားမျိုးမှာ လူထုအနေနဲ့ ပုန်ကန်ထကြွမှုအခြေအနေတစ်ခုကို ဘယ်မှာ ရှောင်လို့ရတော့မှာလဲ” အစရှိတာတွေ ပါဝင်ခဲ့ပါတယ်…..

ဗကပ တပ်တွင်းပုန်ကန်မှု ဖြစ်ပွားပြီးနောက်ပိုင်း ပန်ဆန်းဟာ တစ်ခြားသော မြို့တွေနဲ့မတူအောင် တိုးတက်လာခဲ့ပါတယ်….. တရုတ် - မြန်မာ နယ်နိမိတ်မျဉ်းရှိ နာမ်ခမြစ်လေး၏ မြင်းခွာပုံ အကွေ့တစ်ခုမှာ တည်ရှိတဲ့ ပန်ဆန်းတွင် တရုတ်-မြန်မာ နှစ်ဘက်လုံးရဲ့ အကောင်းဆုံးတွေ စုစည်းနေသလို ရှိပါတယ်။ တရုတ်ပြည်ရဲ့ စီးပွားရေး ချမ်းသာကြွယ်ဝမှုများရဲ့ ရိုက်ခတ်မှုအဖြစ် ပန်ဆန်းမှာ အသစ်ထွက်ပေါ်လာတဲ့ ကွန်ကရစ် အဆောက်အအုံများ၊ ဇိမ်ခံကားများ၊ ပလက်ဖောင်းကိုယ်စီ လမ်းမကြီးများ၊ နောက်ဆုံးပေါ် စားသုံးကုန်များ အပြည့်တင်ထားသည့် ဈေးဆိုင်များပေါ်တွင် အရိပ်ထင်လျက် ရှိသည်။ အဆိုပါဒေသမှာ တရုတ် ငွေကြေးကိုသာ လက်ခံ သုံးစွဲကြပါသည်။ တန်ဖိုးမရှိသလောက် ဖြစ်သော မြန်မာကျပ်ငွေကို ဘယ်သူကမှ မလိုချင်ကြပါ။ ဒါပေမယ့် ဒီနေရာဟာ တရုတ်ပြည်တော့ မဟုတ်ပါ မြန်မာပြည်ပဲ ဖြစ်ပါတယ်…. (စကားဖြတ် ပြောရမယ်ဆိုရင် ဝ အထူးဒေသ ၂ စီးပွားရေး မြို့တော် ပန်ဆန်းကလွဲပြီး ကျန်တဲ့ဒေသတွေမှာ မြန်မာကျပ်ငွေသာမက အမေရိကန်ဒေါ်လာလည်း အသုံးပြုလို့ မရပါဘူး……..)

အဆိုပါဒေသမှာ တင်းကြပ်တဲ့ တရားဥပဒေစိုးမိုးရေး အတွက် စိုးရိမ်မကင်း ဖြစ်စရာမရှိပါဘူး….. ဗဟိုအစိုးရမှ ကန့်သန့်ထားတဲ့ အချို့သော ကုန်စည်အမျိုးအစားများ ကုန်သွယ်ခြင်း ကူးသန်းရောင်းဝယ်ခြင်းများအပေါ် ချမှတ်ထားသည့် အထိန်းအချုပ်များ အတွက်လည်း စိတ်ပူစရာမရှိပါ။ ဘာကြောင့်လဲဆိုသော် ပန်ဆန်းနှင့် ပတ်ဝန်းကျင် ဒေသများမှာ ဗဟိုအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိသောတဲ့အတွက်ပဲ ဖြစ်ပါတယ်….. လူဦးရေး ၂၀,၀၀၀ ဝန်းကျင်ရှိ၍ စတုရန်းကီလိုမီတာ ၁၅,၀၀၀ ကျော်ကျယ်တဲ့ ပန်ဆန်းမြို့ဟာ မြန်မာနိုင်ငံအရှေ့ပိုင်း ဝ ဒေသရဲ့ စီးပွားရေးမြို့ပဲ ဖြစ်ပါတယ်… အဆိုပါဒေသကို ဝ ပြည်နယ်တပ်မတော် UWSA က ထိမ်းချုပ်ထားပါတယ်…… အဆိုပါ UWSA ဟာ တစ်ချိန်က ဗကပ ပါတီရဲ့ တပ်ဖွဲ့တွေဖြစ်တဲ့ ဝ လူမျိုးစုတွေကနေ ဖွဲ့စည်းထားတာဖြစ်ပြီး လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် လူမျိုးစု လေးခုထဲမှာ အကြီးဆုံး ဖြစ်ပါတယ်….

ဗကပ တပ်တွင်းပုန်ကန်မှု အပြီး လ အနည်းငယ်အကြာမှာတော့ UWSA နဲ့ ဗဟိုအစိုးရတို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပြုလုပ်ခဲ့ပါတယ်….. အဆိုပါ သဘောတူညီချက်အရ UWSA ဟာ ယခင် ဗကပ တုန်းကကဲ့သို့ ၎င်းတို့လက်နက်ကိုင်တပ်များ ဆက်လက် ထားရှိခွင့် ရသကဲ့သို့ အစိုးရမှလည်း ၎င်းတို့ အုပ်စိုးရာ နယ်မြေတွေကို ဆက်လက်ထိမ်းချုပ်ခွင့် ပေးအပ်ခဲ့ပါတယ်…… အပြန်အလှန်အနေနဲ့ UWSA မှ အစိုးရတပ်များအား မတိုက်ရန်၊ တိုင်းပြည်အတွင်းရှိ အခြားသော အစိုးရ ဆန့်ကျင်ရေး အဖွဲ့များ၊ လူမျိုးစုများနှင့် မဆက်သွယ်ရန် သဘောတူညီခဲ့ပါတယ်…

ဗဟိုအစိုးရနှင့် နားလည်မှုယူထားတဲ့ အဆိုပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ မြန်မာ့တပ်မတော်ဟာ ပန်ဆန်းတွင် ဆက်ဆံရေးရုံး တစ်ရုံး ထားခွင့်ရှိပါတယ်။ အဆိုပါရုံးတွင် အရာရှိအဆင့် ဆယ်ယောက်ခန့် တာဝန်ထမ်းဆောင်နေပါတယ်။ သို့သော် အဆိုပါအရာရှိများမှာ သူတို့နေထိုင်ရာ ဝင်းထဲမှ အပြင်သို့ ထွက်ခဲပါတယ်။ ပန်ဆန်းရှိ တစ်ခုတည်းသော မြန်မာအလံဆို၍ အစိုးရဆေးပေးခန်းတွင်သာရှိပါတယ်။ ကျန် ရုံးအဆောက်အအုံ အားလုံးတွင် လွှင့်ထူထားသည်မှာ UWSA အလံနှင့် ဝ ပြည်နယ် အလံသာဖြစ်သည်။ အပြာ၊ အနီ နောက်ခံထက်တွင် ကြယ်တစ်ပွင့်၊ နေတစ်စင်း၊ ဓားမြှောင်နှင့် လှံတံကန့်လန့်ဖြတ်ထားသော အမှတ်အသားတစ်ခု ပါဝင်သည့် အလံတော် ဖြစ်ပါသည်။

ဆက်ရန်..........

မှတ်ချက် ။     ။ မြန်မာ့အရေးကျွမ်းကျင်သူ ဂျာနယ်လစ် Bertil Lintner ရေး၍ ကျော်ဝင်း ဘာသာပြန်သည့် The Rise and Fall of the Communist Party of Burma မှ အချက်များအား စာဖတ်ရသူ အဆင်ပြေစေရန် ပြန်လည် စီပီး တင်ဆက်ပေးခြင်း ဖြစ်ပါတယ်…..

ဓါတ်ပုံ ဗကပ ခေါင်းဆောင် သခင်ဗသိန်းတင်နှင့် တစ်ချိန်က ကွန်မြူနစ်ဝါဒ ဖခင်ကြီးများ၏ ဓါတ်ပုံများနှင့် ပဏာရနေသည့် ပန်ဆန်းရှိ ဗကပ ဌာနချုပ်….. Copied from Burma in Revolt written by Bertil Lintner


ဗမာပြည်ကွန်မြူနစ်ပါတီ ကျဆုံးခြင်း (သို့) UWSA ဝ စစ်တပ် ပေါ်ပေါက်လာပုံ

ပဲခူးရိုးမမှ လွင့်စင်သွားခဲ့သော မြန်မာပြည်ကွန်မြူနစ်ပါတီ (ခ) ဗကပဟာ ရှမ်းပြည်အရှေ့ပိုင်း ပန်ဆန်းမှာ ဌာနချုပ်အဖြစ် ဖွင့်လှစ်ပီး ဆက်လက် လှုပ်ရှားနေပါတယ်…… ဗကပစစ်တပ်၏ တပ်မှူး အားလုံးနီးပါးဟာ တိုင်းရင်းသား လူမျိုးစု များစွာပါဝင်ပါတယ်…… တပ်မှူးတချို့ဟာ ဝ လူမျိုးတွေဖြစ်ပြီး အများစုကတော့ ကိုးကန့်တရုတ်၊ ကချင်၊ ရှမ်းနှင့် အခြားလူမျိုးစုများ ဖြစ်ပါတယ်…… ဗမာကတော့ မတ်(ခ)လီနင်ဝါဒီ၊ ပါတီခေါင်းဆောင် များနှင့် တပ်ဖွဲ့အသီးသီးတွင် တွဲဖက်တာဝန် ယူထားသော နိုင်ငံရေးမှူးတွေသာ ရှိပါတယ်….

တိုင်းရင်းသားတွေ ကွန်မြူနစ်ပါတီ အလံအောက် ရောက်လာကြသည်ရတာကတော့ ဝါဒရေးရာ (Ideology) ယုံကြည်မှုထက် လူမျိုးစုဆိုင်ရာ မကျေနပ်ချက်တွေနဲ့ ယေဘုယျ အစိုးရဆန့်ကျင်ရေး စိတ်အခံတွေကြောင့် များပါတယ်….. ခန့်မှန်းခြေအရ ဗကပ တပ်ရဲ့ အောက်ခြေတပ်သားစု ၈၀ ရာခိုင်နှုန်းအောက်မှာ တရုတ် - မြန်မာ နယ်စပ်မှာ နေထိုင်ကြတဲ့ တောင်ပေါ်သား လူမျိုးစု တစ်ခုဖြစ်သော ဝ မျိုးနွယ်စုမှ ဝ လူမျိုး အမျိုးသားတွေပဲ ဖြစ်ပါတယ်….. ဒါကြောင့် ဗကပက ခွဲထွက်လာချိန်မှာ ဝ တွေဟာ ကိုယ်ပိုင်စစ်တပ်ဖြစ်တဲ့ UWSA ဆိုတာ ဖြစ်လာပါတယ်…..

တရုတ်ပြည်ရဲ့ အထောက်အပံ့နည်းလာတဲ့အတွက် ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ ဟာ ၎င်းအုပ်စိုးရာ နယ်မြေအတွင်းမှာ ပါတီရံပုံငွေ ရစေရန် ဘိန်းစိုက်သူ များနှင့် ဘိန်းရောင်းဝယ် ဖောက်ကားသူများကို ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံပြီး ခွင့်ပြုထားခဲ့သည်။ ထိုမှစတင်ကာ ဗကပ အုပ်စိုးရာ လက်အောက်ခံ ဒေသတွေမှာ ဘိန်းလုပ်ငန်းတွေ တွင်ကျယ်လာပီး ဗကပ တပ်မှူးများကိုယ်တိုင် ဘိန်းစိုက်ပျိုးမှုတွေမှာ ပါဝင်ပါတ်သက်ခဲ့ကြပါတယ်…. ဗကပ အုပ်စိုးမှု ဒေသမှ ထွက်ရှိလာတဲ့ ဘိန်းတွေရဲ့ ပြဿနာဟာ တရုတ်ပြည်အတွက် ပြဿနာ အကြီးအကျယ်ဖြစ်လာပါတယ်….. ပို၍ ပို၍များလာတဲ့ ဘိန်းဖြူ ပြဿနာဟာ မြန်မာနဲ့ တရုတ်နယ်ခြား ယူနန်ပြည်နယ်မှတစ်ဆင့် ကူမင်းမှသည် ဟောင်ကောင်သို့တိုင် ခရီးဆန့်နေပါတော့တယ်….. ဒီအတွက် ဗကပ လက်အောက်ခံ ဒေသများမှ ထွက်ရှိနေတဲ့ ဘိန်းဖြူ ဘိန်းမဲများဟာ ဗကပ ခေါင်းဆောင်များသာမက တရုတ်ပြည်အတွက်ပါ ခေါင်းခဲစရာတွေ ဖြစ်လာလို့နေပါတယ်……

+ တပြည်လုံး အပစ်ရပ် လက်မှတ် ရေးထိုးပွဲအပေါ် UWSP အဖွဲ့ မေးခွန်းထုတ်


 

တပြည်လုံး အပစ်ရပ် လက်မှတ် ရေးထိုးပွဲအပေါ် UWSP အဖွဲ့ မေးခွန်းထုတ်


 

အစိုးရမှ ပြုလုပ်ရန် ရှိသည့် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲ ရေးတွင် အဘယ့်ကြောင့် လက်မှတ် ထိုးရမည် 

ဆိုသည်ကို ရှင်းရှင်း လင်းလင်း သိစေ ချင်ကြောင်း “ဝ” ပြည် သွေးစည်း ညီညွတ်ရေး ပါတီ UWSP ၏ ပြောရေး ဆိုခွင့် ရှိသူ ဦးအောင်မြင့်က ယနေ့၌ ထုတ်ဖော် ပြောကြား ခဲ့သည်။
“လက်မှတ် ထိုးမယ့် စာချုပ်မှာ ၁၊ ၂၊ ၃၊ ၄ ဘာတွေ ပါမှာလဲ၊ ဒီကိစ္စ ကျွှန်တော်တို့ အဖွဲ့ အစည်းတင် မကဘူး၊ ရှိသမျှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံး သိချင် နေကြတယ်၊ အဲဒီ တော့မှ ဒီအပေါ်မှာ လက်မှတ် ထိုးနိုင်မယ် မနိုင်ဘူး ဆိုတာ သုံးသပ်လို့ ရတာပေါ့” ဟု ဦးအောင်မြင့်က ပြောသည်။
“ဝ” အဖွဲ့ မှ လိုချင်သော တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး အခင်း အကျင်းမှာမူ အဆိုပါ လက်မှတ် ရေးထိုး ရမည်တွင် ပါဝင်သည့် အချက် များအား အစိုးရမှ ထုတ်ဝေ ပေးရမည်။ ၄င်းနောက် လက်မှတ် ရေးထိုး ရမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံး ထံသို့ ပေးပို့ သွားပြီး ၄င်းအား တစ်ဖွဲ့ချင်းစီ အလိုက် အစိုးရမှ အခြေအတင် လိုက်လံ ဆွေးနွေးကာ သဘော တူညီမှု အရင် ရယူ သွားရမည်။

+ ဝပြည် သွေးစည်းရေး တပ်မတော် မှတ်စုစာအုပ်

ဝပြည် သွေးစည်းရေး တပ်မတော်

 

ဝပြည် သွေးစည်းရေး တပ်ဖွဲ့ဝင်များ
  • ရှမ်းပြည်တောင်ပိုင်း (UWSA)အဖွဲ့ခေါင်းဆောင် ဝေရှောက်ခန်း
  • ရှမ်းပြည်မြောက်ပိုင်း (UWSA) ခေါင်းဆောင် ပေါက်ယူချန်း
အမျိုးသား သွေးစည်း ညီညွတ်ရေး ပါတီ (MYANMAR NATIONAL SOLIDARITY PARTY - MNSP) ယခုအခါ ဝပြည်နယ် သွေးစည်း ညီညွတ်ရေး ပါတီ/ တပ်မတော် (UWSP/ UWSA) အမည်သို့ ပြောင်းလဲထားပြီး ဖြစ်။

+ cyberlink powerdirector 8 free download

cyberlink powerdirector 8 free download
ဒီကောင်လေးကထွက်တာကြာပါပြီးအခုဆိုရင် ၁၁ ထိနေပါပြီး ဒါမေမဲလိုင်းမကောင်းတဲဆိတ်ဆွေများအတွက်ဒီကောင်လေးက ၁၉၀ mbပဲရှိပါတယ် အခုထွက်နေတဲ
နောက်ဆုံးပေါ်တွေက ၆၀၀ mb ထိရှိတဲတွက်ကြောင့်မလို့လိုင်းမကောင်းတဲမိတ်ဆွေများအတွက်အဆင်
ပြေမှာမဟုတ်ဘူး အခုဟာက ၁၉၀ mb ပဲ၇ှိနေတဲအတွက်ဒေါင်းရတာအဆင်ပြေမှာပါ ကီးပါထဲပေးပါတယ်
full verson လေးပေါ တစ်ချက်နှိပ်လိုက်တာနဲ download ကျလာမှာပါ download လုပ်ရတာလဲအဆင်
ပြေမှာပါ လိုအပ်ရင်အောက်ကdownload နှိပ်လိုက်ပါနော်
(download)

Saturday, November 9, 2013

+ ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ်နှင့် တွေ့ဆုံခြင်း

ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ်နှင့် တွေ့ဆုံခြင်း

ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန် အရေးကြီးသည်ဟု ပြည်တွင်း၊ ပြည်ပ မြန်မာ့နိုင်ငံရေး လေ့လာသူများက သတ်မှတ်ထားသည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံးနီးပါး ပါဝင်သော လိုင်ဇာ ညီလာခံနှင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးသော မြစ်ကြီးနား ညီလာခံများသို့ ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် မိုင်းလားတပ်တို့ တက်ရောက်ခြင်း မရှိခဲ့ပေ။ ထို့ကဲ့သို့ မတက်ရောက် နိုင်ခြင်းမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ဖိအားပေးမှုကြောင့် မတက်ရောက်ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည့်အတွက် ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ်နှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။

interv_wkpocky_AHVoice : မြစ်ကြီးနားနဲ့ လိုင်ဇာမှာ ပြုလုပ်သွားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒါမှမဟုတ် ငြိမ်းချမ်းရေး ကွန့်ဖရင့်နဲ့ ပတ်သက်ပြီး ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အမျိုးသားလွှတ်တော်

Friday, November 8, 2013

+ PC Cleaner Pro 2013 Full Version + Serial Key Full Version

မင်္ဂလာပါဗျာ 2013 နှစ်မှာ လူသုံးများ လူကြိုက်များသော PC Cleaner တစ်ခုပါ တခြား  Cleaner တွေနဲ့ အားသာချက်တွေ ရှိပါတယ် အစတုန်းကဆို ကွန်ပျူတာ တိုင်းမှာ သန့်ရှင်းရေး ဆော့ဝဲလ်ဆိုပြီး  CCleaner ကို အသုံးပြုကြပါတယ် အခုတော့ PC Cleaner  Pro 2013 ထွက်လာတော့ CCleaner ကို သိပ်မသုံးဖြစ်ကြဘူး အခုကောင့်က တကယ်လည်း ကောင်းပါတယ်ဗျာ
ကဲ ကွန်ပျူတာ သန့်ရှင်းရေး ပြုလုပ်ချင်တဲ့ သူတွေ အောက်က လင့်နှင့် ဒေါင်းနိုင်ပါပြီးခင်ဗျာ File Size (4.42MB) ရှိပါတယ်......................။
 
 

Friday, November 1, 2013

+ တစ်ချက်နှိပ်လိုက်တာနဲ wa mp3 song တွေကို အဗုဒ်(၁၀၀) download နိုင်ပါတယ် အချိန် ၅မိနစ်လောက်ပဲအချိန်ကြာတယ်နော်

Web Page တစ်ခုက ပုံတွေအားလုံးကို တစ်ချက်တည်းနဲ့ ဒေါင်းယူနည်း






ဝ သူငယ်ချင်များအတွက်သတင်းကောင်းလေးလာပါပြီး  wa mp3 song တွေကိုတစ်ချက်နှိပ်လိုက်တာနဲ့
သီချင်းအဗုဒ်၁၀၀ လောက်download နိုင်တဲနည်းလမ်းလေးပါအရမ်းကိုလွယ်ကူတယ်အသုံးလဲတော်တော်
ဝင်မှာပါ wa mp3 သီချင်းတာမက mp4 တွေလဲအဲလို download နိုင်ပါတယ် ပုံလေးတွေလဲရပါတယ်
wa flash song တွေလဲအဲနည်းတိုင်းပဲအကုန်ရနိုင်ပါတယ် အခုကျန်တော်တင်တဲ သီချင်းတွေပုံလေးတွေ
ရှုခင်းလှလှလေးတွေတစ်ချက်နှိပ်တာနဲ အကုန်လုံး download ယူနိုင်မှာပါ မြန်လဲတော်တော်လေးမြန်
ပါတယ် mp3 အဗုဒ်၁၀၀ ကို လိုင်းကောင်းရင် ၅မီနစ်လောက်ပဲကြာမှာပါ လိုင်းမကောင်းရင်တောင်မှ
၁၀ မီနစ်လောက်ပဲကြာမှာပါ ထိုးနည်းအတိုင်းလုပ်ပေးပါဒီနေရာလေးတချက်နှက်လိုက်ပါ
ပြီးရင်အောက်ကအတိုင်းကြည့်ပေးပါ
+add to firefox ဆိုတဲစာသားလေးတစ်ချက်လောက်နှက်ပေးပါ နှက်ပြီးတာနဲခဏလေးစောင့်ပါ အောက် အတိုင်းပေါ်လာပါလိပ်မယ်
install ဆိုတဲလေးကိုနှက်လိုက်ပါ နှက်ပြီးရင်အဆင်ပြေသွားပါပြီး ပုံတွေတောင်းတာဖြစ်ဖြစ် wa mp3 song တွေ download တာပဲဖြစ်ဖြစ်  Right Click >> DownThemeAll ! ကို နှိပ်ပါ။ အောက်ကကြည့်ပါ



Save Files in: မှာ ကိုယ် ပုံတွေ သိမ်းမယ့်နေရာ ရွေးပေးပါ။  ပြီးရင် Start ကို နှိပ်လိုက်ပါ။ ဒါဆို စဒေါင်းနေပါလိမ့်မယ်။

( မှတ်ချက် ။      ။ 
မလိုချင်တဲ့ ပုံတွေဆိုရင် အမှတ်ခြစ်ဖြုတ်ပြီး မဒေါင်းပဲ ထားနိုင်ပါသည်။ )
 
ကဲ ခုဆို တစ်ပုံချင်း စဒေါင်းနေပါပြီဗျာ။ သီချင်းလေး နားထောင်ရင်း ထိုင်ကြည့်နေရုံပါပဲ။ လွယ်လိုက်တာ ဟဲဟဲ
 
အကုန်လုံးဒေါင်းပြီးသွားပြီ ဆိုရင်တော့ ကွန်ပျူတာထဲက ကိုယ်ရွေးထားတဲ့ နေရာလေးမှာ ဒီလိုလေး တွေ့ရပါပြီ။

ဒီနည်းအတိုင်း ဘယ်ဝဘ်ဆိုဒ်က ပုံတွေကို မဆို တစ်ချက်ကလစ်ရုံနဲ့ ဒေါင်းယူနိုင်ပါကြောင်း။ အဆင်ပြေကြပါစေဂျာ။
  အဆင်ပြေကြပါစေဗျာ ကျန်တော်ဘလော့လာလည်တဲသူငယ်ချင်းများကျေးဇူးတင်ပါတယ် နောက်ထပ်လဲလာလည်ပါဦးလို့ဖိတ်ခေါ်ပါ
တယ် မောက်ကိုဖိပြီးအားလုံးကိုမှတ် download လိုက်ပါ
DownThemeAll ! ကိုမပေါ်ခဲပါက computer ကို restart ချပေးပါအဲဆိုရင်ပြေပါလိပ်မယ်
(wa mp3 download 100 ကိုနှိပ်ပါ)

(ပုံလေးတွေယူရင်နှိပ်ပါ)







+ microsoft office 2010 free download

microsoft office 2010 free download

(software download)


ကျွန်တော်အခုတစ်ခေါက်တင်ပေးမဲ့ဆော့ဝဲလေးကတော့ရုံးလုပ်ငန်း ကုမ္ပဏီလုပ်ငန်းတွေမှာ မရှိမဖြစ်လိုအပ်တဲ့ဆော့ဝဲလေးပါ။ Microsoft Office 2010 ပါ။ တချို့သူတွေလဲရှိပြီးသားဖြစ်ပါလိမ့်မယ် ဒါပေမဲ့သုံးနေတဲ့ Version ကနိမ့်နေလို့ ဥပမာ မိတ်ဆွေတို့သုံးနေတာက Office 2003 (or) Office 2007 ကို Office 2010 version မြှင့်ပြီးသုံးချင်တဲ့သူတွေအတွက် အဆင်ပြေမယ်လို့ထင်ပါတယ်ခင်ဗျာ။ ဒီဆော့ဝဲကတော့ အထူးတလည်ပြောပြစရာမလိုဘူးလို့ထင်တယ်ခင်ဗျ။ ဘာလို့လဲဆိုတော့ ရုံးလုပ်ငန်းလုပ်တဲ့သူတိုင်း ကွန်ပျူတာကို အခြေခံကနေ စလေ့လာတဲ့သူတိုင်း မသင်မဖြစ်သင်ကိုသင်ရတဲ့ ဆော့ဝဲလေးပါ။ မသုံးမဖြစ်သုံးကို သုံးရတဲ့ဆော့ဝဲလေးပါ။ ရုံးစာစီစာရိုက်တွေရိုက်မယ် ပုံနှိပ်စာအုပ်တွေထုတ်မယ် ဆို Microsoft Word လေးကိုသုံးပြိး၊ စာရင်းဇယားတွေတွက်မယ် ဖော်မြူလာတွေကိုကိုယ်ကိုယ်တိုင် ဖန်တီးမယ် မိမိရဲ့ စာရင်းအချက်အလက်တွေကို တန်းစီမယ် လိုချင်တဲ့အချက်အလက်တွေကို ရှာဖွေစစ်ထုတ်မယ်ဆိုရင်တော့ Microsoft Excel လေးကိုသုံးလို့ရပါတယ်၊ မိမိလုပ်ငန်းနဲ့ပါတ်သတ်တာတွေကို အများသိအောင်ရှင်းလင်း ပြသဖို့အတွက် ပုံတွေစာတွေကို လှူပ်ရှားမှူ့ထဲ့ပြီး အများစိတ်ဝင်စားမှူရှိအောင် Presentation Slide တွေဖန်တီးတဲ့နေရာမှာလဲ Microsoft Power Point ကိုသုံးပြီး ဖန်တီးလို့ရသလို၊ Microsof Publisher ကိုသုံးပြီးတော့ ကြော်ငြာဒီဇိုင်းတွေ၊ လိပ်စာကဒ်တွေ၊ ဖိတ်စာကဒ်တွေ ကို လှပအောင်ဖန်တီးလို့ရပါတယ်။ အခုတင်ပေးလိုက်တဲ့ Office 2010 လေးဟာရှေ့က Version တွေထက်ပိုသုံးလို့ကောင်းပါတယ်။ လုပ်ဆောင်လို့ရတာတွေအများကြီးပါ။ ဖိုင်ဆိုဒ်ကတော့( 300 MB )ရှိပါတယ် ကျွန်တော်၏မိတ်ဆွေတွေအားလုံး အစစအရာရာအဆင်ပြေလို့ပျော်ရွှင်ကြပါစေခင်ဗျာ..... အကြင်နာနန်း အောက်ဘက်မှာ မိမိတင်ထားတဲ့ ၀င်းဒိုးဗားရှင်းအလိုက် ဒေါင်းနိုင်ပါတယ်ခင်ဗျာ။

Thursday, October 31, 2013

+ dr animation maker

dr animation maker



 ကျွန်တော်ဒီနေ့ DP Animation Maker Softwares လေးတင်ပေးလိုက်ပါတယ်ခင်ဗျာ သဘောကြလိပ်မယ်လို့ ထင်ပါတယ် ဒီတော့ဝဲလေးကလှူပ်ရှားမှူ့ပါတဲ့နောက်ခံ background တွေ ဖန်တီးနိုင်ပါတယ်။ website တွေအတွက် လှူပ်ရှား မှူ့ ပါတဲ့ GIF ဖိုင်တွေကိုလည်း လွယ်လွယ်ကူကူ ဖန်တီးပေးနိုင်ခြင်း ဗွီဒီယိုထဲမှာ ကြည့်၇င် မြင်ရသလိုမျိုး ရေအောက်ပုံစံမျိုး၊ မီးတောက်ပုံစံမျိုး၊ ရေမျက်နှာပြင်မှာ ပုံရိပ်ပေါ်သလိုမျိုးဖန်တီးနိုင်ပါတယ် Effects တွေလဲတော်တော်စုံတာကိုတွေ့ ရပါတယ် ဖိုင်ဆိုဒ်ကတော့( 12.MB ) ပဲရှိင်္ပြီးပေါ့ပေါ့ပါးပါးနဲ့ သုံးလို့ အဆင်ပြေပါတယ် ခင်ဗျာ ဒေါင်းဆွဲယူနိုင်ပါတယ် အားလုံးအဆင်ပြေပါစေ ယောင်လောင်

(software download)

+ သီချင်းဆိုတာဝါသနာပါတဲ့ သူငယ်ချင်းများအတွက်မူရင်းသီဆိုတဲ့ အဆိုတော်အသံဖြုတ်ပြီး မိမိအသံအစားထိုး သီချင်းဖန်တီးလို့ ရတဲ့ Software full version

သီချင်းဆိုတာဝါသနာပါတဲသူငယ်ချင်းများအတွက် မူရင်းသီဆိုတဲ့အဆိုတော်အသံကိုဖြုတ်ပြီး
မိမိအသံအစားထိုးသီချင်းဖန်တီးလို့ရတဲ software full version


ကျွန်တော် ဒီနေ့ သီချင်းဆိုတာဝါသနာပါတဲ့ သူငယ်ချင်းများအတွက် KaraokeCDGCreatorPro2.1 version Software လေးတင်ပေးလိုက်ပါတယ်ခင်ဗျာ ဒီဆော့ဝဲလေးကတော့ Mp3 Format ကနေအသံနဲ့ တီးလုံးခွဲခြားပြီးKaraoke လုပ်နိုင်ခြင်း ဓာတ်ပုံတွေ စာသားတွေ ထည့်နိုင် ခြင်း မူရင်းသီဆိုထားတဲ့အသံဖြုတ်ပြီးမိမိ အသံနဲ့ အစားထိုးနိုင်ခြင်းတို့  ကိုလုပ်ဆောင်ပေးနိုင်ပါတယ်ခင်ဗျာ သဘောကျရင်အောက်မှာဒေါင်းယူသွားနိုင်ပါတယ် ဒီဆော့ဝဲလေးကိုversionအဖြစ်ဖို့အတွက်ကတော့ Crack key ပါထည့်ပေးထားပါတယ်
(software download)

Tuesday, October 29, 2013

swish max4 flash song လုပ်ရန် software





swish max4 အမြဲသုံးနိုင်အောင် patch ထဲပေးထားပါတယ်

flash လုပ်ချင်တဲမိတ်ဆွေများအတွက်
အခုနောက်ပိုင်းမှာ flash song တွေ
လုပ်တာတော်တော်များလာကြတယ်
ကိုယ့်သူငယ်ချင်းကိုလက်ဆောင်
လုပ်ပေးတာဖြစ်ဖြစ်ကိုချစ်သူကို
လက်ဆောင်လုပ်ပေးတာဖြစ်ဖြစ်
အခုနောက်ပိုင်းကိုယ့်ချစ်သူမွေးနေ့
မှာflash လေးဖန်တီးပေးတာ
အမှတ်တရဖြစ်စေပါတယ်
အခုကျန်တော်တင်ထားတဲ software
ကတောအပြည့်အစုံတင်ထားတယ်
flash song လုပ်ဖို့နောက်ခံ လှလှလေးတွေလဲအများကြီး
တင်ပေးထားပါတယ် effects လေး
တွေလဲအများကြီးတင်ပေးထားပါတယ်

အမြဲသုံးလို့ရအောင်လုပ်နည်းလေးပေးမယ်နော် 1 software အရင်download ပြီးinstall လုပ်လိုက်
ပါ 2 swish patch download လုပ်လိုက်ပါ ပြီးရင် 3 swish patch ကို ဖွင့်လိုက်ပါ  ပြီးရင်
swish4 pacth ဆိုတဲဟာကို swish ဖိုင်ထဲကိုထည့်ပေးပါအဲတာတွေပြီးရင်အောက်ကအတိုင်းကြည့်ပါ

Monday, October 28, 2013

+ ကပ္ဘာကြီးကြည့်ချင်တဲမိတ်ဆွေများအတွက် google earth pro 7.0

google earth 7.0


google earth ဆိုတာလူတိုင်းသိကြ
မယ်ထင်ပါတယ်အခုတင်ပေး google
ကတောfullversion လေးပါ
မသိတေးတဲမိတ်ဆွေများအတွက်
ရယ်ရွယ်ထားပါတယ်




(download)









+ ccleaner full version softwares


ccleaner full version software



မင်္ဂလာပါဗျာ CC Cleaner ဆို ကွန်ပျူတာ အသုံးပြုနေတဲ့
သူတိုင်း သိကြပါတယ် အမှိုက်တွေ ရှင်းပေးတဲ့ နေရာမှာဆို
လူကြိုက်များပြီး ကွန်ပျူတာတိုင်းမှာ ဆောင်ထားကြတဲ့
ဆော့ဝဲလ်လေးပါပဲဗျာ အခုလဲ Update ထွက်လို့ တင်
ပေးလိုက်ပါတယ်ဗျာ ဒါထက် Full Version 
ဖြစ်ဖို့အတွက် Serial Key ကို အသုံးပြုရမယ် ဖြစ်ပါတယ်
လူသစ်တွေ အနေနဲ့ အသုံးပြုနည်းကို ကြည့်ချင်ရင်တော့
ဒီပိုစ့်မှာ ပြန်ကြည့်လို့ ရပါတယ် File Size (3.9MB) ရှိပါတယ်

+ smadav pro 2013 crack full version free download

smadav pro 2013 crack full version free dowload

















အထဲကကီးမရရင်အောက်ကကီဒေါင်းလိုက်ပါနော်
(software download)
(ကီးdownload)

မြန်မာဖောင့်အဆင်မပြေတဲမိတ်ဆွေများအတွက် zawgyi

မြန်မာဖောင့်အဆင်မပြေတဲမိတ်ဆွေများအတွက်













(zawgyi download)

+ creevity mp3 cover mp3 သီချင်းလေးတွေနောက်ခံပုံထည့်မယ်

mp3 သီချင်းလေးတွေနောက်ခံပုံလေးထဲမယ်


























(download ယူရန်)

+ window အတွက် vcl player

vcl player window အတွက်



























(vclplayer download)

+ window အတွက် gomplayer

window အတွက် gom player



















(gomplayer download)

Sunday, October 27, 2013

+ folder လေးတွေအလှရှင်ရန် folder maker

































(downloadယူရန်)

+ winrar ပေါပေါပါးပါးလေးပါ 1mb ပဲရှိပါတယ်














(download ယူရန်)

+ syberlink powerdirector 10 full version


syberlink powerdirector full version 10


+ syberlink powerdirector 10 full version


video eating သမားအတွက် full version လေးပါ ကြိုက်ကြမယ်လိုထင်ပါတယ်
ဒီကောင်လေးကတော်တော်ကောင်းတယ်တုံးလို့ကောင်းတယ် ကီးလဲထဲပေးထားပါတယ်
500 mb ကျော်တယ်နော်အင်တာနက်လိုင်းမကောင်းရင်တော နဲနဲလေးတောကြာမယ်
အဆင်မပြေတာရှိရင် cbox မှာပြောခဲပါနော် အဆင်ပြေအောင်လုပ်ပေးမယ်
အတုံးပြုနည်းစာအုပ်လဲတခါထဲတင်ပေးလိုက်မယ်နော်



+ interdownload manager 6.17 full

















(download)
download အဆင်မပြေရင် cbox မှာပြောခဲပါ အဆင်ပြေအောင်လုပ်ပေးမယ်

+ myanmar english dictionary











(download) 
software တွေ ဒေါင်းလို့အဆင်မပြေရင် cbox မှာပြောခဲပါအဆင်ပြေအောင်လုပ်ပေးမယ်

Saturday, October 26, 2013

+ photo filtre studio

+ photo filtre studio












ဓါတ်ပုံတွေကိုဒီဇိုင်းအမျိုးမျိုးပြင်ချင်တဲမိတ်ဆွေများ
အတွက် software လေးလာပါပြီးလိုအပ်ရင်ဒေါင်း
ယူလိုက်ပါနော် (download)


Friday, October 25, 2013

+ wa mmp3 song နောက်ထပ် အဗုဒ် ၅၀ နောက်ခံပုံလေးတွေနဲနော် နားထောင်ရင်းနဲလဲ ဒေါင်းနိုင်ပါတယ်

wa song =  wa song1 =  loe tix klawm = ot tix gawng = niet maix ah = laong si grawng

yex noi kap  = wa love song = wa love song 1 = bun lhu lha = rhawm moh aux =

in mawh rhawm moh = yuh kaing son pui ju ex = ai rong pleek song = hu krax hu maix

mee = moh leeing ju = wa x'mas song = si miang graox = bun ang caox si jax = mp3

rhawm graox = taox pa sawm = hoek gaox rawm tao = uik laox tao = nyiex maix mawh

wa song = maix hoe prax = lox rax x'mas = wa x'mas song1 = pui lhu lai = si voe mawh

daux pa sawx = si voe = ai yawn rai song = rhawm moh = wa song = wa yunan

laig ot daox rhawm ex = son phi max ex = wa x'mas song = pak peung mhawm maix

hoek gaux rhawm = sarama yex noi = phan mawh son maix = wa song = ai rong

lig rhawm aux khaix maix = lheu mhaing maix = keng song ex vax = grawx rhawm

hoek pix vhi hak tiex yix

+ myanmar gtalk






(download black)
(download pink)

+ photo collage maker 1.6


(download)

ဒီဆော့ဝဲလ်လေးက ကိုယ့် ဓါတ်ပုံလေးတွေကို ဒီဇိုင်း အလန်းလေးတွေဖြစ်အောင် ပြင်ချင်ရင် သုံးရတာလွယ်ကူပါတယ်။

နောက် ကိုယ့်ချစ်သူရဲ့ ပုံလေးတွေ ပြင်ပေးချင်ရင်ရော ၊ မွေးနေ့တွေ ၊ သတိရတာတွေ ၊ ကလေးပုံလေးတွေအတွက်ပါ

ဒီဇိုင်းတွေက အရမ်းကို စုံလင်လှပါတယ်။ အရမ်းကို လှပတဲ့ Frame တွေအများကြီးပါသလို ၊

+ frame photo editor full


(download)

ကျွန်တော်လည်း ဒီရက်ပိုင်း ဓါတ်ပုံ ပြင်တဲ့ ဆော့ဝဲလ်လေးတွေပဲ လိုက်ရှာနေမိတယ်။ သူငယ်ချင်း တော်တော်များများ

+ magic photo editot full




ပုံလေးတွေကို လှပအောင် ဒီဇိုင်းမျိုးစုံနဲ့ ပြင်ချင်တဲ့ သူငယ်ချင်းတွေအတွက် Magic PhotoEditor ဆော့ဝဲလ်လေးကို